ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပညာကျောင်းများနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံးအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်-လောပိတလမ်း ရှုခင်းသာ View Point မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်မှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ဆင်ဆောင်ရွက်မှုနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံး ဖွင့်လှစ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။