ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။