ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပြည်နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ ကယားပြည်နယ်အတွင်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်အောင်ကောက်ယူနိုင်ရန် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ် အပြီးသတ် ပြင်ဆင်နေမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးကြီး ပုဂ္ဂိုလ်များ နားနေဆောင် ၊ ခရီးသည်များ ဆိုက်ရောက်ထွက်ခွါနားနေဆောင်၊ လေကြောင်းအကဲကြည့်မျှော်စင်နှင့် လေဆိပ်လုံခြုံရေး အုတ်တံတိုင်းခြံစည်းရိုး ကာရံထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လေဆိပ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနား တက်ရောက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ကယားပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်  တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကာလ သီရိမင်္ဂလာဈေး တည်ဆောက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား သွားရောက် ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များ အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)တက်ရောက်

ကယားပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသား ၊ ကျောင်းသူများကို ဥပဒေအသိပညာပေးဟောပြောပွဲတက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဥပဒေအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ‌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ Grade(11) နှင့် Grade(12) ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနား တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဘီလူးချောင်းအတွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေး၍လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သာသနိကအဆောက်အဦ ပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ရန်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် တပျော်တပါးစုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to ကယားပြည်နယ်