ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၃) ပြုလုပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။