ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ကယားပြည်နယ်အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြများနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။