၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် လွိုင်ကော်မြို့ သန့်ရှင်းရေတိုးချဲ့ပေးဝေနိုင်ရေး ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင် ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံတွင် တစ်နေ့လျှင်ရေဂါလံ (၂၅) သိန်းစစ်နိုင်သည့် (Slow Stand Fitter) အနှေးသဲရေစစ်ကန် လုပ်ငန်းတည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။