မယ်စဲ့မြို့နယ်တွင် ဖွဲ့စည်းထားသည့် Club အဖွဲ့များ ရှင်သန်ခိုင်မာရေးညှိနှိုင်းအစည်းအဝေး ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် ဝါသနာတူ Club အသင်းများဖွဲ့စည်း၍ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ရပ်ရွာအတွင်းရှိ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းထားသည့် Club အဖွဲ့များ ရှင်သန်ခိုင်မာရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျင်းပခဲ့သည်။