ကယားပြည်နယ်

လွိုင်ကော်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို ယမန်နေ့က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ကြီးမှူးကျင်းပသည့် (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော် မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ လွိုင်ကော်နှစ်ခြင်းခရစ်ယာန် အသင်းတော် မှ သိက္ခာတော်ရဆရာတော် စောလားဘွယ်နေမူး၊ သိက္ခာတော်ရ ဆရာတော် စောအက်ဒွက်စိန်တို့က (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများသို့ စတုတ္ထအကြိမ် ထောက်ပံ့ငွေများနှင့်  အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများ နှင့် ၎င်း၏မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက်က လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာ စံပြစိုက်ခင်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု၊ နွားလဝိုးကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းသီးနှံ ပွဲရုံလုပ်ငန်းများလည်ပတ် လုပ်ကိုင်နေမှုနှင့် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်ပြည်သူများအား ဒေသမျိုးသန့် တိရစ္ဆာန်များပေးအပ်၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ပြီးစီးမှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ဒေသမျိုးသန့်တိရစ္ဆာန်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နွေစပါးစိုက်တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာများ ပေးအပ်၊ အခြေခံပညာကျောင်းများ ပြုပြင်မွမ်းမံနေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့က နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာ(Drum Seeder) ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၁၃ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ လူဝင်များကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်/ခရိုင်/ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝ များကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်ပြီးစီးမှုနှင့် စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး ရပ်ကွက်များ၊ အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဝယ်ယူထားရှိသည့် အမှိုက်ပုံးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်သိမ်းစနစ်များ ကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
Subscribe to ကယားပြည်နယ်