ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ အနွေးစောင်များ လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ၊ သာသနာပြန့်ပွားရေးအသင်း(လွိုင်ကော်)သို့ အလှူတော်ငွေများ ပေးအပ်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ အနွေးစောင်များ လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း(လွိုင်ကော်အသင်းခွဲ)သို့ အလှူတော်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။