လွိုင်ကော်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီး ရဲမှူးကြီးမောင်မောင်ဦး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အမျိုးသမီးကော်မတီဝင်များ နှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။