သတင်းဗီဒီယို

တောင်သာ ဩဂုတ် ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် () နာရီအချိန်က သတ္တဝါများနှင့် ပိုးမွှားများတုတ်ခြင်း၊ ကိုက်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတ္တဝါများနှင့်ပိုးမွှားများ တုတ်ခြင်း၊ ကိုက်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်ကေခိုင်မှ သတ္တဝါများနှင့် ပိုးမွှားများ တုတ်ခြင်း၊ကိုက်ခြင်း ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ မရောက်ခင် လူနာအားရှေးဦးပြုစု နည်းများဖြင့် ကုသနိုင်မည်ဖြစ်သဖြင့် ကုသပုံနည်းစနစ်များအား ပြည်သူများ သိသင့်သိထိုက်သည် များကို ဆွေးနွေးမေးမြန်းပြီး ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး မောင်ငွေက သတ္တဝါများနှင့်ပိုးမွှားများ တုတ်ခြင်း၊ ကိုက်ခြင်း ဖြစ်လာပါက ရှေးဦးပြုစုခြင်း နည်းများဖြင့် ဆောင်ရွက်ရမည့်နည်းလမ်းများအား ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး မောင်ငွေက ပြောကြားရာတွင် ခွေး၊ ကြောင်၊ ပျား၊ ပိတုန်း၊ မြွေ စတဲ့အဆိပ်ရှိသော သတ္တဝါများ အကိုက် ခံရလျှင် အရင်ဆုံးဒါဏ်ရာရသည့်နေရာကို ရေနိုင်နိုင်လောင်းပါ။ ဒါဏ်ရာအား မိမိလက်ဖြင့် ဖိခြင်း၊ ကိုင်ခြင်း မပြုလုပ်ရ။ ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခံရမှ ခွေးရူးပြန်ရောဂါဖြစ်တာမဟုတ်ပဲ အခြားသတ္တဝါ ကြောင်၊ ရှဉ့်၊ လင်းနို့ကိုက်ပါကလည်း ခွေးရူးပြန်ရောဂါ ဖြစ်နိုင်သည်။ ပျား၊ ပိတုန်း အကိုက်ခံရပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ အကိုက်ခံရသောနေရာတွင် မည်သည့် ဆေးဝါးမှ မလိမ်းရ။ မြွေကိုက်ခံရပါက ဒါဏ်ရာကို ရေမဆေးပဲ သန့်ရှင်းအောင်ပြုလုပ်၍ အဝတ်စ သန့်သန့်အား မြွေကိုက်ဒါဏ်ရာပေါ်ကို အဝတ်စခေါက်၍တင်ကာ ပတ်တီးဖြင့် ခပ်ပွပွ စည်းနှောင်ရမည်။

မြွေကိုက်ခံရသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအပါအဝင် ကိုယ်ခန္ဓာအား မလှုပ်ရှားစေပဲ နီးစပ်ရာဆေးရုံ/ ဆေးခန်းသို့ ပို့ဆောင်ပေးရမည်။ မြွေကိုက်ခံရဒါဏ်ရာအား မီးစနှင့်ထိုးခြင်း၊ လူနာအား အရက် တိုက်ခြင်း၊ မြွေအမြှေးအားဖြတ်၍ မြိုခြင်း အစရှိသည့် မည်သည့်နည်းလမ်းများမှ မလုပ်ရ။ အဓိကက အညာဒေသတွင် မြွေပွေး၊ မြွေဟောက်ပေါများသဖြင့် ၎င်းတို့ နေထိုင်တတ်သော အိမ်တွင်း၌ အိုး၊ ခွက်၊ တောင်း၊ ပလုံး စုပြုံထားသော နေရာများတွင် ခိုအောင်း နိုင်သည်။ ၎င်းပစ္စည်းများ အသုံးပြုမည်ဆိုပါက အသံပေးခြောက်လှန့်ပြီး ၎င်းပစ္စည်းများကို သုံးစွဲနိုင်သည် စသည်များအား ဆွေးနွေးပြောကြားခဲ့ ကြောင်း  သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

Aug 10, 2022