ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ရုံး၌ လက်ဆေး ဘေစင်ထားရှိပေး

ကန်ကြီးထောင့်   မတ်  ၁၉

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ လက်ဆေးဘေစင်တစ်ခု တပ်ဆင်ထားရှိပေးထားကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများ၊ ရုံးသို့အလုပ်ကိစ္စနှင့် လာ‌ရောက်သူများနှင့် ဓာတ်အားခ‌ငွေ လာဆောင်သူများ လက်ဆေးသန့်စင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ရုံးအဝင်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်နှင့် လက်ဆေး ဆပ်ပြာတို့ကို ထားရှိပေးထားပြီး အသိပညာပေး စာစောင်များကိုလည်း ပြသထားရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစောထူးရှီးထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)