ဧရာဝတီတိုင်းဒေသကြီး

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)အဖွဲ့ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာည်(စကု)တို့သည် ယနေ့နံနက်ပိုင်းက ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။

ဒေးဒရဲမြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ(ဒုတိယပတ်)  လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ ဒေးဒရဲ-ဖျာပုံ ကားလမ်းမတစ်လျှောက်မှ မြို့မဘောလုံးကွင်းသို့  ပျော်ပျော်ပါးပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသည့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း‌ဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ရောက်ရှိခဲ့ပြီး အဆိုပါရုံး အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။

မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း (EPC) ရုံး၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး(လှုပ်ရှား) လက်နက်တပ်ဆင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး(လှုပ်ရှား) လက်နက်တပ်ဆင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း မေရီလန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ဒီဇင်ဘာလ (၁၁)ရက်နေ့ မွန်းလွဲ (၁)နာရီတွင် အခြေခံပညာအထက်တန်းကျောင်း မေရီလန်းတွင် ပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ “ဒို့အတူတူမဲ‌‌ပေးကြမယ်”လက်ကမ်းစာစောင်များအား ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း ပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲ‌‌ပေးကြမယ်”လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးပေါင်းစုံထိတ်နှင့် ကန်ကြီးထောင့် - မာလာကုန်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး