Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုင်းတုံ မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမှာစကား ပြောကြားပြီး မော်ကွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ကျိုင်းတုံ)မှ စီမံကိန်းဒါရိုက်တာ ဒေါ်နန်းဝိုးဖတ် က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မော်ကွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နည်းပညာအကြံပေး ဒေါ်ကျော့ကျော့ခိုင် က အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်နိုင်ရည်နှင့် လူသားအကျိုးပြုမှု စသည့်အကြောင်းအရာများကို ကျိုင်းတုံ မြို့နယ် အတွင်းရှိ ဒေသခံတိုင်ရင်းသား၊ တိုင်းရင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)