ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Bill board) စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲကို ယနေ့နံနက် (၉)နာရီက လူစည်ကားရာ မြို့မဈေးကြီးရှေ့၊ ကျိုင်းတုံ-တောင်ကြီး လမ်းမကြီးဘေးတွင် စိုက်ထူကြသည်။

မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပညာ‌ပေးသင်တန်း ဖွင့်လှစ်

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပညာ‌ပေးသင်တန်းကို ဒီဇင်ဘာ ၁၃ ရက်၊ နံနက် (၉) နာရီက အထက (ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။

ကျေးသီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆိုင်းဘုတ် စိုက်ထူပြီး “ဒို့အတူတူမဲပေး ကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်‌ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည် သူအား အသိပညာပေးလှုံ့ဆော်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျေးသီးမြို့ လူစည်ကားရာနေ ရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်း၌ ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်ပညာရေး၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူကုန်ကူမှုကာကွယ်တားဆီ‌ရေးနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့၌ ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ ‎အထွေထွေရွေးကောက်ပွဲတွင်တာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပင်းတယမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို ဖွင့်လှစ်သင်ကြားသည်။

ခရိုင်အုပ်ချုပ်ရေးမှူး မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့ အတွက်လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ နားဆိုင်းဆည်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌  မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ဟိုပုံး-ဆီဆိုင်သွား ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဖြန့်ဝေလျက်ရှိသည်။

မိုးနဲမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော အောင်မြင်ဖြစ်ထွန်း‌နေသည့်ဆောင်းသီးနှံနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်းသိရသည်။   

ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်