ချင်းရွှေဟော် စက်တင်ဘာ ၁၁
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေး အတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၆)နာရီ အချိန်က (၄)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၁၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၈)ဦးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ (၁၈)ဦးမှာ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၇)ဦး တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်မှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ (၂)ဦး၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ (၁)ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ (၁)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ (၉)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ (၁)ဦးနှင့် လောက်ကိုင်မြို့နယ်မှ (၃)ဦး တို့ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၃၂၉) ဦးနှင့် အမျိုးသမီး (၆၇၁၃)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၀၄၂)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)