မြစ်ကြီးနား မတ် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် ရှဒေါင်ကျေးရွာရှိ မေတ္တာပျိုးခင်းမိဘမဲ့ဂေဟဟာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦဂွါဇာလေး က ယနေ့လူငယ်များအနေဖြင့် မိမိတို့ဘ၀အတွက် အထောက်အကူပြုမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာ မှတ်သားစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကလေးငယ်များ စာပေဗဟုသုတ ရရှိ စေရေးအတွက် လစဉ် အသိပညာပေးဟောပြောပွဲများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး၊ စာရေးဆရာ လင်းဇော်ဦးက ပညာသင်ပါ၊ စာဖတ်ပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်ထွန်းလင်း (လူမူပရဟိတ) က အစွမ်းကုန်ပြေးပါ ခေါင်းစဉ်ဖြင့် လည်းကောင်း လူငယ်များအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် မေတ္တာပျိုးခင်းမိဘမဲ့ဂေဟာ တာဝန်ရှိသူများထံ ကချင်ပြည်နယ်စာကြည့်တိုက် ဖောင်ဒေး ရှင်အသင်းမှ သုတ/ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ယောဆောင် (ပြန်/ဆက်)