ကချင်ပြည်နယ်

ကချင်ပြည်နယ် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃) မျိုးမှ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ကြီးမှူးဖွင့်လှစ်သည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေး ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃)မျိုး ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်းရှိ Golden Eagle Hotel ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက မြို့နယ် (၁၀) မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းဖွင့်လှစ်ပေး

ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဥပ‌ဒေချုပ်ရုံး၏ ကြီးကြပ်စီမံမှုဖြင့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အခြေခံကျသည့် မြို့နယ် (၁၀)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေအသိ ပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ အဆိုပါသင်တန်းဖွင့်ပွဲကို မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၂.၆.၂၀၂၆)ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းပို့ချ

ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံး၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဥပဒေရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ(၂၂)ရက် နံနက် (၉) နာရီတွင် ကျင်းပသည်။

ရွှေကူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၂)ရက် နံနက် ၈ နာရီခွဲက ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့၌ ရက် ၁၀၀ စီမံချက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေဆိုင်ရာ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

မိုးညှင်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယနေ့နံနက် (၉) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဟိုပင်မြို့တွင် Placement Test စာမေးပွဲကို ကျောင်းသား/သူ (၃၆၅) ဦးတို့ အောင်မြင်စွာဖြေဆိုပြီးစီး

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများအား သတ်မှတ်ထားသည့်အသက်အရွယ်အရသတ်မှတ်ထားသည့် အတန်းများ၀င်ရောက်ပညာသင်ယူနိုင်‌ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test စာမေးပွဲကို တစ်နိုင်ငံလုံးတွင်တစ်ပြိုင်နက် ဇွန် (၁၅) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်ရာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၃၆၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်‌အချို့ ရေဝင်ရောက်မှုရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးရေချိန် (၆.‌၈၉) လက်မရှိပြီး ယနေ့နံနက်ပိုင်းက မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်