တန့်ယန်း စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရာ အမှတ်(၁၀)ရပ်ကွက်ရှိ Catholic Church မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ အထက(၂)သို့ ယမန်နေ့ ညနေပိုင်း က လာရောက်လှူဒါန်းခဲ့သည်။
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Hand washing Basin (2)set, Soap (192)pcs, Hand Gel (20)botls, Face Shield (120)pcs တို့အား အမှတ်(၁၀)ရပ်ကွက်ရှိ Catholic Church မှ ဘုန်းတော်ကြီးနှင့် တာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းခဲ့ကြရာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင် က လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)