ကွတ်ခိုင်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

ကွတ်ခိုင်  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေး လှူဒါန်းပွဲ ပြုလုပ်သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် မြို့မရဲစခန်းမှူး သန်းဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ သွေးလှူဒါန်းစေပြီး ရဲတပ်ဖွဲ့ဝင် (၅)ဦးက စုပေါင်းလှူဒါန်းသည်။

စုပေါင်း သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များကို မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ကြက်ဥနှင့်  အာဟာရ ဖြည့်စွက်စာများ ပြန်လည်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)