မန့်ဟီးရိုး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း တစ်ထောင်မှ ခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းသို့ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်နေမှု အခြေအနေနှင့် ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့သည်။
မန့်ဟီးရိုးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်နေသည့်ရေစင်နှင့် ရေကန်ဆောက်လုပ်မှု အခြေ အနေကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်မှ ခွင့်ပြုရန်ပုံ ငွေ သိန်း၅၀စီဖြင့် ဆောင်ရွက်ပြီးစီး သော ကောက်ကွက် ကျေးရွာနှင့် နောင်ဖိုင်ကျေးရွာတို့ရှိ ကျေးရွာချင်းဆက် ကျောက်ခင်းလမ်းများနှင့် နောင်မကျေးရွာ ရှိ မူလကွန်ကရစ်တံတား အဆင့်မြင့် တိုးချဲ့ခြင်းလုပ်ငန်းများကို မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင် က လုပ်ငန်းဆောင်ရွက်နေမှုများ၏ အခြေအနေ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ လုပ်ငန်းလိုအပ်ချက်နှင့် မန့်ဟီးရိုးမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ရမည့် အခြေအနေ ကိုလည်း မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ် က မှာကြားခဲ့ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)