ထန်တလန်၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ထန်တလန် မတ်  ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ တီထွင် ဖန်တီးလိုစိတ် မြင့်မားရေးနှင့် စာကြည့်တိုက်များကို နေ့စဉ်နှင့်အမျှ ကောင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး တာဝန်ခံ ဦးဟရီလိန်းက ပြိုင်ပွဲ၏ စည်းကမ်းနှင့်အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀ ဦးတို့က ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဦးဟရီလိန်းက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

ယောန(ပြန်/ဆက်)