ချင်းပြည်နယ်

တီးတိန်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းများ ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ နိုင်ငံတော်အစိုးရသစ်လက်ထက်ရက် ၁၀၀ စီမံချက်ဖြင့် ယမန်နေ့က နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်၌ မိသားစု တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေး 

ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက် ( ၁၀၀ ) စီမံချက်အတွက် ပြုလုပ်သော မိသားစု တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို မေလ ၈ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မွေးမြူသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

(၁၀−၄−၂၀၂၆)ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

(၁၀−၄−၂၀၂၆) ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ကော်ဖီမစ်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်လွှတ်တော်ရုံးတွင် လုံခြုံရေးဆောင်ရွက်ပေးနေသော တပ်ဖွဲ့ဝင်များ ဆန်၊ ဆီနှင့် ကော်ဖီမစ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟားခါးခရိုင်အတွင်း ကျပ်သန်း ၂၄၀၀၀ ကျော်ဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ချယ်ရီခန်းမ၌ကျင်းပရာ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ အာဟာရဖြည့်အစားအစာများထောက်ပံ့

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဟားခါး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက မေလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်း (၂၂၂) ဦးကို အခမဲ့ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  ၂၀၂၆ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ကြီးမှူး၍ ဟားခါးမြို့ သာသနာ့ရက္ခိတ တပ်ဦးကျောင်း ဓမ္မာရုံ၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်း

ချင်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကို ဟားခါးမြို့ သာသနာ့ရက္ခိတ တပ်ဦးကျောင်းဓမ္မာရုံ၌ ကျင်းပရာ ဟားခါးမြို့ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညောဘာသ အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
Subscribe to ချင်းပြည်နယ်