မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်း  စက်တင်ဘာ   ၁၁

မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနှုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာတွင် စက်တင်ဘာ လ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်   ပြိုကျပျက်စီးခဲ့ သောနေအိမ် ၁ လုံး၊  အိမ်ထောင်စု ၁ စုမှ ဘေးသင့်ပြည်သူ ၂ ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော Hygiene kit(1) kit, Diginity kit(1)kit,Rope Nylon (1)pcs,   Plastic bucket(1)PCs ,Ta-rpaulin (1)pcs  အစရှိသောကယ်ဆယ်ရေး ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ  ဒုတိယတပ်ခွဲမှူး ဦးသက်ဆွေနှင့် ဒေါ်စန္ဒီထိုက်တို့ ပါဝင်သောထောက်ပံ့ရေးအဖွဲ့မှ ရွှေခက်ကျေးရွာနေ ဘေးသင့်ပြည်သူ  လက်ဝယ်အရောက် ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)