ပင်လောင်း စက်တင်ဘာ ၁၁
ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိ ပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက ကန်သာဦးရပ်ကွက် ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဓိက အချက်ဖြစ်သည့် ခြင်လောက်လန်းနှိမ်နင်းသည့် လုပ်ငန်းများကို မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းခင်မြသိန်း က အကျယ်တဝင့် ရှင်းလင်း ပြောကြားပြီး မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကိုလည်း လက်ကိုင်အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်နေပြည်သူများကို နေရာချထားပေးပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းပိုင်(ပင်လောင်း)