မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

မူဆယ်    စက်တင်ဘာ   ၁၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ တစ်ဆင့် ပြည်တွင်း ကူးစက်နိုင်ကြောင်းသိရှိရပြီး ရောဂါကူးစက်မှုမရှိစေရေးအတွက် မူဆယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်း က လိုက်လံကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။            

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မူဆယ်မြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များမှ ရောဂါကူးစက်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာရေးဌာနမှ တာဝန်ရှိသူများသည် စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက်(၉)၌ ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးဌာန က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိကို ထပ်မံစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိသော ဆိုင်များကို   ဆိုင်တွင်ထိုင်ပြီးစားသောက်ခွင့်မပြုပဲ ပါဆယ်စနစ်ဖြင့်သာရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။   

မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ  ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)