ညောင်ရွှေ စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် နှလုံးလှအင်းမောင်မယ်အဖွဲ့ လူငယ်များက ညောင်ရွှေမြို့၌ ယနေ့နံနက်ပိုင်းတွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင် ကွင်းအတွင်းရှိ ယာယီဈေး၊ မြို့မ မင်္ဂလာဈေးဝန်းကျင်တို့တွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်း စည်း (Mask) ၂၀၀၀ ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဖြစ်သည့် လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ မကြာခဏဆေးကြောရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန် (ပြန်/ဆက်)