ဟိုပုံး စက်တင်ဘာ ၁၁
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့ နံနက် ၁၀ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ မြို့နယ်စည် ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းတို့က မြို့မဈေးသို့ အခြားမြို့နယ်များမှဈေးသည်များ လာရောက်၍ ဈေးရောင်း ချခြင်း ရှိ/မရှိနှင့် ဈေးအတွင်းရှိ ဈေးသည်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း ဈေးရောင်းချခြင်းများ ပြုလုပ်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မြို့မဈေး၊ ယာယီဈေးနှင့် ကျေးရွာများရှိဈေးများတွင် စနစ်တကျ ဈေးရောင်းချနေမှု များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပတ်စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)