တပ်ကုန်း စက်တင်ဘာ ၁၁
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က မြို့တွင်း လူစည်ကားသည့် မြို့မဈေးအတွင်းနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ ရဲအုပ်ဇင်အောင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒို့တပ်ကုန်းလူမှုရေးအဖွဲ့၊ ရှင်သန်ခြင်း အရေးပေါ်ကူညီရေးအသင်းတို့က နှာခေါင်းစည်း (Mask)အဟောင်း တပ်ဆင်ထားသည့် ဈေး ရောင်း/ဈေးဝယ်နှင့် ခရီးသွားပြည်သူများအား အသစ်လဲလှယ်ပေးခြင်း၊ နှာခေါင်းစည်း (Mask) မပါရှိသည့်သူများကို အခမဲ့ဖြန့်ဝေ ပေးခြင်း၊ လက်သန့်ဆေးရည် ဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်း (Mask) (၆၅၀)ခုနှင့် လက်သန့်ဆေးရည် (၁၅၀)ဗူးခန့် အသုံးပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)