နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

‎‎၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) ‌အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇေယျာဝင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စက်ရေတွင်းပြန်လည်တပ်ဆင်ပေးရန်လိုအပ်မှုအခြေအနေများနှင့် ကွန်ကရစ်လမ်းခင်းမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာ အခြေခံပညာလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ရေဆင်းကျေးရွာ အခြေခံပညာလယ်တန်းကျောင်း၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်တွင် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး‌ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု ဘက်စုံခြံ၌ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်

သမဝါယမဦးစီးဌာနအနေဖြင့် ရုရှားနေကြာမျိုး (၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် (၁၅)ဧကစီ စမ်းသပ်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းစံပြကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၊ ဘက်စုံခြံ၌ ရုရှားနေကြာမျိုး(၁၅)ဧက စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အတွင်း ဖူးစားပြောင်းနှင့်အစေ့ ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေပွဲ တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဖူးစားပြောင်းနှင့်အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနတိုင်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပသည့် ဆောင်းသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်သည်။

ဇေယျာသီရိမြို့နယ် အောင်ဇေယျာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အောင်ဇေယျ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

လယ်ဝေးမြို့နယ်တွင် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တော‌ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

တပ်ကုန်းမြို့၌ “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက လူစည်ကားနေရာဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ လမ်းဆုံတွင် “ဒို့အတူတူမဲပေးကြမယ်”  မြေစိုက်ပိုစတာ (Billboard) စိုက်ထူခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ