မြစ်သားမြို့ ပန်းသီတာဥယျာဉ်၌ (အခမဲ့) အခြေခံပန်းချီ သင်တန်းဖွင့်လှစ်

မြစ်သား မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပန်းသီတာဥယျာဉ်သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အခမဲ့အခြေခံပန်းချီ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပန်းသီတာဥယျာဉ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခြေခံ ပန်းချီသင်တန်းအား သင်တန်းမှထူးချွန်သည့် ပန်းချီပညာရှင်ကလေးများ   ပေါ်ပေါက်လာစေရန်နှင့် ကျောင်းသင်ဘာသာရပ်တွင် ပါဝင်သည့် ပုံရေးဆွဲနည်း ဘာသာရပ်များတွင် ကျောင်းသားကျောင်းသူများ အနေဖြင့် အခက်အခဲမရှိ လွယ်လွယ်ကူကူရေးဆွဲတတ် ပြီး မိမိကိုယ်ကို ယုံကြည်မှုများ ရှိလာစေရန် ရည်ရွယ်ပြီး မြစ်သားမြို့နယ် အတွင်းရှိ ပန်းချီဆရာ များပူးပေါင်းကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းမှူးပန်းချီဆရာကြီး ဦးသန်းထွန်း (ငြိမ်းငြိမ်းချမ်းချမ်း)က ပြောကြားပါသည်။

အဆိုပါသင်တန်းအား (၁၁-၃-၂၀၂၀)မှ (၃၀-၃-၂၀၂၀)အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ လူသစ်(အငယ်တန်း) (၁၅၄)ယောက်နှင့် လူဟောင်း(အကြီးတန်း) (၆၃)ယောက် စုစုပေါင်း(၂၁၇)ဦး တက်ရောက်ကြောင်းနှင့် ပန်းချီဆရာကြီး ဦးခင်မောင်ဦး(ဧဒင်)၊ ဦးသိန်းဌေးဦး နှင့် ဦးသန်းထွန်း (ငြိမ်းငြိမ်းချမ်းချမ်း) တို့က သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)