စဉ့်ကိုင်မြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရေးမဆို-ထန်းတောကျေးရွာချင်း ချိတ်ဆက်လမ်း မြေသားတာဘောင်တင်၍ ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ခင်မျိုးမျိုးလတ်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။