မဟာအောင်မြေမြို့နယ်GREAT WALL HOTEL တစ်ခြမ်းပြိုကျမှုတွင် စက်ယန္တာယားများဖြင့် ရှင်းလင်းဖယ်ရှားမှုပြုလုပ်ဆောင်ရွက်နေစဉ် ဟိုတယ်ရှိ(ATM)ငွေထုတ်စက် (၁) လုံး ထုတ်ဖော်ရရှိခဲ့သဖြင့် (MAB ဘဏ်) မန်နေဂျာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ချမ်းမြသာစည်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဟိုတယ်မန်နေဂျာ ဦးဇော်မင်းလေးတို့ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာငွေဘောက် အသေးတစ်ခုအတွင်းငွေထည့်သွင်းထားခြင်းမရှိပဲ၊ ဘောက် ၂ လုံးထဲတွင်၊ ငွေစက္ကူ ၁၀,၀၀၀ တန် အရွက် ၈၀၀၊ ငွေကျပ်သိန်း၈၀၊ ဘောက် ၃ လုံးထဲတွင် ငွေစက္ကူ ၅,၀၀၀တန် အရွက် ၃၀၀၊ ငွေကျပ် ၁၅သိန်း၊ ဘောက် ၄လုံးထဲတွင် ငွေစက္ကူ ၁,၀၀၀တန်အရွက် ၅၀၀၊ ငွေကျပ် ၅သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၀၀တို့အား တွေ့ရှိခဲ့သဖြင့် ငွေထည့်ဘောက်အသေး ၄လုံးနှင့် ငွေကျပ်သိန်း၁၀၀၊ ATM စက်အပျက် ၁ လုံးတို့အား MABဘဏ်ခွဲ ၅ မှ ဘဏ်မန်နေဂျာ ထံလွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။