ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

လွိုင်လင်     စက်တင်ဘာ     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ လွိုင်လင် မြို့နယ်၊ ကွတ်ချိုးကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာနှင့် နောင်ဟူးကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရွာတွင် ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများအဖြစ်  နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့်  ရှမ်း၊ ပအိုဝ်း၊ မြန်ဘာသာများဖြင့် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင် ထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)