မိုင်းပန် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ မိုက်ပုတ်(ပန်ပိ) ကျေးရွာနှင့် နောင်ချိုကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ သိရှိလိုက်နာရန်လိုအပ်သည့် အချက်အလက်များအား ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာ အတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩခဲ့ကြောင်း သိရသည်။
ပန်ပိကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ပြည်သူ့ကျန်းမာ ရေးကြီးကြပ်-၂ ဦးခိုင်ဇင်ကိုနှင့် သားဖွားဆရာမ ဒေါ်မူဆောင်းမြတ်မိုးတို့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လတ်တလောအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ရာတွင် အရေးပါသည့် လက်ဆေးရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ရန်၊ လူစုလူဝေး ရှောင်ရှားရန်တို့အား သိရှိလိုက်နာနိုင်စေရန်နှင့် ရောဂါလက္ခဏာသံသယရှိပါက ဆေးခန်းသို့ လာရောက်၍ သတင်းပို့ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ရန်စသည့် အကြောင်းအရာများအား မိုက်ပုတ် (ပန်ပိ) ကျေးရွာနှင့် နောင်ချိုကျေးရွာအတွင်း လှည့်လည်၍ ကျေးရွာနေပြည်သူအများ သိရှိလိုက်နာ နိုင်စေရန် Hand Speaker ဖြင့် လိုက်လံ ဆော်ဩပေးခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)