နေပြည်တော် မတ် ၁၂
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့၊ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်း အုပ်ချုပ်သူ ဒေါ်သန်းသန်းဝင်းမှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက နေပြည်တော်ရိုးရာခြင်းလုံးအသင်း မှ နည်းပြများနှင့် ကစားသမား များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)