ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၉)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

လားရှိုး     စက်တင်ဘာ     ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၉)ဦး၊ အမျိုးသမီး (၂၀)ဦး စုစုပေါင်း (၄၉)ဦးတို့ကို ထပ်မံပို့ ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၄၉)ဦးတို့တွင်  ကချင်ပြည်နယ်မှ (၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၂)ဦး၊ နေပြည်တော်မှ (၉)ဦး၊  ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ(၄)ဦး တို့ဖြစ်ကြသည်။ ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆) ရက်နေ့မှ စက်တင်ဘာလ(၁၁)ရက်နေ့အထိ  နေရပ်ပြန် ပြည်သူ အမျိုးသား (၉၈၃၀) ဦး၊ အမျိုးသမီး (၆၂၂၆) ဦး စုစုပေါင်း (၁၆၀၅၆)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)