နမ္မတူမြို့နယ် နားကျဲကျေးရွာရှိ RS-CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၌ မျိုးကွဲများနုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်

နမ္မတူ   စက်တင်ဘာ   ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ နားကျဲကျေးရွာရှိ RS-CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၌ မျိုးကွဲများနှုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဌာနမှူး ဦးခင်းမောင်ဌေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တစ်ဧက တင်း (၁၀၀) ပန်းတိုင် အထွက်နှုန်းရရှိရေး အထောက်အကူပြုစေရန်၊ မိုးစပါးသီးနှံတွင် မျိုးကောင်းမျိုးသန့်များဖြင့်သာ အသုံးပြုစိုက်ပျိုးနိုင်စေရန်၊ တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန်၊ မျိုးကောင်းမျိုးသန့် စပါးများ စိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးစေရန်၊ နိုင်ငံတော်၏ ဆန်စပါး ဖူလုံပိုလျှံမှုကို အထောက်အကူပြုစေရန်၊ အရည်အသွေးကောင်းသော စပါးမျိုး ထုတ်လုပ်ခြင်းဖြင့် ပြည်ပပို့ကုန် ဈေးကွက် ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ နားကျဲကျေးရွာရှိ RS-CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း (၁၀)ဧက၌ မျိုးကွဲများ နုတ်ပယ်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ပြီး  ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)