တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းစုစုပေါင်း (၂၅၀၀)ခုကို အခမဲ့ဖြန့်ဝေ

တာမိုးညဲ   စက်တင်ဘာ    ၁၁

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာမိုးညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာမိုးညဲဌာနေ ပြည်သူ့စစ်တို့ ဝိုင်းဝန်းပူးပေါင်းပြီး နှာခေါင်းစည်းစုစုပေါင်း (၂၅၀၀)ခုကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့် က တာမိုညဲမြို့၊ စည်ပင်သာယာဈေးတွင် ပြည်သူလူထုများထံ အခမဲ့ဖြန့်ဝေသည်။

နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး “ပြည်သူတွေအနေဖြင့် နှာခေါင်းစည်းများကို နေ့စဉ်တပ်ဆင်ပြီး သွားလာကြရန်၊ မလိုအပ်ဘဲ အိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ကြရန်နှင့် မဖြစ်မနေ အိမ်ပြင်ပသို့ သွားလာမည်ဆိုပါက နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တာမိုးညဲမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် က ပြောကြားသည်။

ဆက်လက်ပြီး တာမိုညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် တာမိုးညဲမြို့ ဌာနေပြည်သူ့စစ်တို့က လှူဒါန်းထားသည့် နှာခေါင်းစည်းစုစုပေါင်း (၂၅၀၀)ခုကို ပြည်သူလူထုလက်ဝယ်ကို အသီးသီးပေးအပ်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)