ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန် (၁)ဦးနှင့် မိသားစုဝင် (၆)ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူ

ပန်ဆိုင်း   စက်တင်ဘာ   ၁၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်  ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နေထိုင်သူ(၁)ဦးနှင့် မိသားစုဝင်(၆)ဦး တို့အား  ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ဆောင်ရွက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန် (၁)ဦးနှင့် မိသားစုဝင် (၆)ဦးတို့ကို သီးခြားကန့်သတ် စောင့်ကြည့်ထားပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတီခွန်ဆန်ဒွန်း ဦးဆောင်သည့် တာဝန်ရှိသူတို့က ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက်  နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ဒုတိယအကြိမ်စစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာန အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)