ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အဝိုင်းပတ်တည်ဆောက်

ဟိုပုံး    စက်တင်ဘာ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးအနီး လမ်း (၅)လမ်းဆုံနေရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေ ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စနစ်တကျ မောင်းနှင်စေရန်ရည်ရွယ်၍ အဝိုင်းပတ် တည်ဆောက်ခြင်းလုပ်ငန်းများကို  Willian Sky ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အဆိုပါ အဝိုင်းပတ်ဆောက်လုပ်ပြီးစီးပါက ကမ္ဘောဇလမ်းနှင့် ဗိုလ်တေဇလမ်း (ကျောက်တိုင် ကွင်းလမ်းပိုင်း) အား တစ်လမ်းမောင်းအဖြစ်လည်းကောင်း၊ သီရိမင်္ဂလာလမ်းအား နှစ်လမ်း မောင်း အဖြစ်သတ်မှတ်၍ ယာဉ်ကြောရှင်းလင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဝိုင်းပတ် တည်ဆောက်ရေး လုပ်ငန်းများအား စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး အချင်း(၁၅)ပေရှိ အဝိုင်းပတ်လား Willian Sky ဆောက်လုပ်ရေးကုမ္ပဏီ က ဆောက်လုပ် လှူဒါန်းခဲ့ရာ ၈၀%  ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)