ချင်းရွှေဟော်၊ စက်တင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က (၂၉)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က (၁)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၃၀)ဦးတို့မှာ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး (၁၄)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ (၁)ဦး၊ ကုန်းကြမ်းမြို့နယ်မှ (၂၁)ဦး၊ လောက်ကိုင်မြို့နယ်မှ (၅)ဦးနှင့် ဟိုပန်မြို့နယ်မှ (၁)ဦး တို့ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယမန်နေ့အထိ အမျိုးသား(၈၃၄၅)ဦးနှင့် အမျိုးသမီး(၆၇၂၇)ဦး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၅၀၇၂)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)