ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်

ဆွမ်ပရာဘွမ်၊  စက်တင်ဘာ   ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီခန့် က မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော် ချက်များဖြစ်သည့် ဒေသန္တရအမိန့် အမှတ်(၈/၂၀၂၀)အရ အများပြည်သူများ အရေးကြီးအကြောင်း ကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ လိုအပ်ချက်အရ ထွက်ခွာမည်ဆိုပါက Mask  တပ်ဆင်ပြီး ထွက်ကြရန်၊ လက်မကြာခဏဆေးကြရန်၊ လူတစ်ဦးနှင့်တစ်ဦး (၆) ပေစီခြားနေကြရန်၊ ဈေးရောင်း/ ဈေးဝယ်များ Mask၊ Face Shield များ တပ်ကြရန်၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများကျင်းပခြင်း မပြုလုပ်ရန်၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန်အမှတ် (၁၀၁/ ၂၀၂၀)နှင့်အညီ ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည်လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူသွားရန်၊ ပြည်ပနိုင်ငံများနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသူများအနေဖြင့်နီးစပ်ရာ ကျန်းမာရေးဌာသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူ၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သတ် မှတ်ထားသောနေရာများတွင် (Facility Quarantine) (၁၄) ရက်ကို လည်ကောင်း၊ (Home Quarantine) (၇) ရက် စောင့်ကြည့်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက် (၃) သို့ လှည့်လည်အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်ပညာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ကုဋေ (ဆွမ်ပရာဘွမ်၊ပြန်/ဆက်)