မိုင်းဆတ် မတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ကျောင်းသား/ကျောင်းသူများ အစုအဖွဲ့အတွင်း ပါဝင်လာစေရန်၊ ပြိုင်ပွဲများတွင် ရဲရဲဝံ့ဝံ့ ပါဝင်ယှဉ်ပြိုင်နိုင်သော အရည်အချင်းပြည့်ဝသော အနာဂတ်မျိုးဆက်သစ်များ ဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ဆုရရှိသည့်ကျောင်းသား/ကျောင်းသူလေးများကို အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)