ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရေကြည်   စက်တင်ဘာ   ၁၄

ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေး‌ ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ရေကြည်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ငှက်သိုက်ကျေးရွအုပ်စု၊ ခိုတောင် (၁)ကျေးရွာ၊ ခို​​တောင် (၂)ကျေးရွာ၊ အရှေ့စုကျေးရွာ၊ အလယ်စုကျေးရွာ နှင့် ကွက်သစ်ကျေးရွာတိုတွင် ကိုဗစ်ရောဂါ မဖြစ်ပွား​စေရန် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ‌ ကိုဗစ်-၁၉ ရောဂါကို အထိရောက်ဆုံး ကာကွယ်နိုင်ရန်အတွက် လက်ကိုရေနှင့်ဆပ်ပြာ အသုံးပြု၍ စက္ကန့်(၂၀)ကြာ စနစ်တကျ မကြာခဏဆေးကြောရန်၊ တက်နိုင်သမျှ မိမိအိမ်မှာ ဘဲနေထိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ ပြောဆိုဆက်ဆံရန်၊ အပြင်သွားသည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်၊နှာချေ/ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းကို စနစ်တကျလုံခြုံစွာ ဖုံးအုပ်ထားရန်၊ တစ်ရှုးအသုံးပြုပါက အသုံးပြုပြီးတစ်ရှုးကို အဖုံးပါသော အမှိုက်ပုံးထဲသို့စွန့်ပစ်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ ဝင်ရောက်လာသူများနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ဝင်ရောက် လာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ Quarantine ထားရှိရန်၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရပြည်  ဝအောင်စားသုံးရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေး ကုသမှုခံယူရန် အစရှိသည့် ကိုဗစ်ရောဂါမဖြစ်ပွား​စေရန်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)