ရေကြည် မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျေးရွာနေ ပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လေးလက်မ သောက်သုံးရေ စက်ရေတွင်း တူးဖော်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။
စက်ရေတွင်း တူးဖော်ဆောင်ရွက်ရာတွင် ပေအနက် ၅၀၀ ပေ ၄ လက်မ တွင်းနက်တွင် ရေသန့်ရရှိအောင် တွင်းတူးစက်အမှတ် DRT-005 ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) ပုသိမ်မှ တာန်ခံဒုဦးစီးမှူး ဦးဟိန်းနန္ဒာအောင်နှင့် အဖွဲ့မှလာရောက် တူးဖော် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)