ဇလွန်၌ မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်​မြှင့်ဆောင်ရွက်

ဇလွန်  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို  ဇလွန်မြို့အဝင်ဂိတ်တွင် အရှိန်အဟုန်​မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဇလွန်မြို့အဝင်ဂိတ်တွင် ခရီးသွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသွားလာသူများ၏ နေရပ်လိပ်စာများ ရယူမှတ်တမ်း ထားရှိခြင်း၊ ဇလွန်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများအား ခရီးသွားထောက်ခံချက် ပါ / မပါ စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)