မိုးမိတ်မြို့၌ တီဘီရောဂါအခမဲ့စစ်ဆေးပေး

မိုးမိတ်   မတ်  

တီဘီရောဂါ အခမဲ့စစ်ဆေးပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် လားရှိုးပြည်သူ့ကျန်မာရေးစီးဌာနမှ ဒေါက်တာ ဆမ်ခွန်းနပ် ဦးဆောင်သော (Team Leader)အဖွဲ့မှ လာရောက်၍ ယနေ့ နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တီဘီရောဂါနှင့် ပတ်သက်၍ ရောဂါရှာဖွေစစ်ဆေးပေးပြီး တီဘီပိုးတွေ့ရှိပါ မြို့နယ်တီဘီ ကုသရေးဌာနသို့ စေလွတ်ပြီး ဆေးကုသမှုခံယူစေပါတယ် အဆိုပါတီဘီရောဂါ ရှာဖွေစစ်ဆေး ခြင်းကို နှစ်ရက်တိုင်တိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ရောဂါသံသယရှိမှ လာရောက်စစ်ဆေးခြင်းထက် ကျန်းမာရေးဗဟုသုတ တိုးပွားစေရန်နှင့် အလွယ်တကူ လက်လှမ်းတမီ ရောဂါရှာဖွေစစ်ဆေးနိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန သိရသည်။

မိုးမိတ်သား(ပြန်/ဆက်)