လယ်ဝေး မတ် ၁၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ယမန်နေ့ မှစတင်၍ အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် နံနက် ၁၀ နာရီမှစပြီး သောက်သုံးရေများ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
အဆိုပါ သောက်သုံးရေများပေးဝေရာတွင် (၁၂-၃-၂၀၂၀)ရက်က နွေရာသီကာလ ရေရှားပါးသည့် လယ်ဝေးမြို့နယ် ရဘိန်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာတွင် အိမ်ခြေ(၅၄)လုံးနှင့် (၁၃-၃-၂၀၂၀)ရက်က ဇလီငှက်ကြီးတောင် ကျေးရွာအုပ်စု၊ လသာကျေးရွာတွင် အိမ်ခြေ(၄၂)လုံးအား ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ပေးဝေရာတွင် လယ်ဝေးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအေးနှင့် ဝန်ထမ်းများ၊ ရဘိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသီဟကျော်စွာထွန်း၊ လသာကျေးရွာ ရာအိမ်မှူး ဦးစိုးသူနှင့် ကျေးလက်နေ ပြည်သူများက ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)