မြို့လှ စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/)နှုန်းဖြင့်် ထောက်ပံ့ပေးအပ်ခြင်းကို ယ နေ့ နံနက် ၁၁ နာရီတွင် ကိုယ်ဝန်ဆောင် များ၏ နေအိမ်သို့အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်−၁၉ ကာလအတွင်း မြို့လှမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးတို့ထံမှ တစ်ဆင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနသို့ ငွေဗိုက် application ဖြင့် စာရင်းသွင်းခဲ့သူ အမှတ်(၃)ရပ်ကွက်မှ ကိုယ်ဝန်ဆောင် နှစ်ဦးအတွက် ပထမအကြိမ် စုစုပေါင်းငွေကျပ် (၆၀၀၀ဝိ/-)ကို လူမှုဝန်ထမ်းဦးစီးဌာနကိုယ်စား ပြန်/ဆက် ဦးစီးမှူး ဒေါ်ခင်ပပသိန်း၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးနှင့် ရပ်/ကျေးစာရေး ဦးမြင့်ကိုတို့က ကိုယ်ဝန်ဆောင်များ ၏နေအိမ်သို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
ကျော်မင်းနိုင်(ပြန်/ဆက်)