မြင်းခြံ မတ် ၁၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါစောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်တွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် မြင်းခြံခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ အဆုတ်ရောင်ရောဂါ၏ အဓိကလက္ခဏာများကို နွေရာသီအခြေခံပန်းချီ သင်တန်းတက်ရောက်နေသော ကျောင်းသား /ကျောင်းသူ (၁၃၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများက မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကျော်စွာ(IPRD)